ဦးနှောက်စွမ်းဆောင်ရည်တက်အောင် လေ့ကျင့်ခန်း လုပ်ပေးလို့ ရလား
လေ့ကျင့်ခန်း လုပ်တာက မှတ်ဉာဏ်ကောင်းစေတယ်၊ အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းတယ်ဆိုတာကို တော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ဦးနှောက် ကျန်းမာရေး ကောင်းတယ်ဆိုတော့ ဦးနှောက်ကိုရော လေ့ကျင့်ခန်း လုပ်ပေးလို့ ရ၊ မရ သိချင်နေပြီလား။
ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ ဦးနှောက်က ခန္ဓာကိုယ်က ကြွက်သားတွေအတွက် လေ့ကျင့်ခန်း လုပ်သလိုမျိုး လမ်းလျှောက်တာ၊ ပြေးတာ၊ အလေးမတာမျိုးတွေ လုပ်ဆောင်ပေးလို့တော့ မရပါဘူး။ ဒါပေမယ့် ဒီလေ့ကျင့်ခန်းလေးတွေကိုတော့ လုပ်ပေးလို့ ရပါတယ်။
ဦးနှောက် ကျန်းမာစေမယ့် လေ့ကျင့်ခန်းတွေကတော့
Jigsaw Puzzles ကစားပေးပါ
ဒီလို ကစားပေးတာက ဦးနှောက်ကို သန်မာစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက် Jigsaw Puzzles ကစားပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ဦးနှောင်ကို ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
ကတ် ကစားပါ
ကတ်ကစားတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးသလို ဦးနှောက် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒီလို ကစားပေးတာက မှတ်မိနိုင်စွမ်း ကောင်းစေသလို တွေးခေါ်မှု စွမ်းရည်ကိုလည်း ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကတ် ကစားပေးပါ။
စကားလုံးလေးတွေ ဆက်ပါ
စကားလုံးလေးတွေ ဆက်ရတဲ့ မိုဘိုင်း ဂိမ်းလေးတွေလည်း ရှိနေပါပြီ။ တစ်နေ့ကို ၁၅ မိနစ်လောက် စကားလုံးလေးတွေ ဆက်တဲ့ ဂိမ်းလေးတွေကို ဆော့ပေးတာကလည်း သိမြင်မှု စွမ်းရည်ကို တိုးတက်ကောင်းမွန်စေပြီး ဦးနှောက်ကိုလည်း လေ့ကျင့်ခန်း လုပ်ပေးရာ ကြပါတယ်။
ကပါ
ကတာက စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးရာလည်း ရောက်ပါတယ်။ ကတာက ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးချင်တယ်ဆိုရင် နိုင်သလောက် ကပေးပါ။
သီချင်း နားထောင်ပါ
သီချင်း နားထောင်တာက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် နှစ်သက်ရာ သီချင်းလေးတွေကို နားထောင်ပေးပါ။
တရားထိုင်ပါ
တရားထိုင်တာက စိတ်ရောကိုယ်ပါ တည်ငြိမ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၅ မိနစ် ကနေ ၁၅ မိနစ်လောက် ပုံမှန်လေး တရားထိုင်ပေးပါ။
ဦးနှောက်အတွက် လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် အခုပြောခဲ့တဲ့ လေ့ကျင့်ခန်းတွေထဲက နှစ်သက်ရာကို ရွေးချယ် လုပ်ဆောင်ပေးလို့ ရပါတယ်။
မွန်မွန်